




Digital Alcohol Tester
62,000 Ks
- SKU
- Category
- Electrical and Lighting
- Brand
- China
- Availability
- Available
- Last updated
- Jan 09, 2026
<(") အရက်သောက်ထားသည့် ပမာဏကို တိုင်းတာသည့် စက်ကိရိယာ
(Digital Alcohol Tester)
#Price: 62000 Kyats
# Join Viber Community
>>>https://invite.viber.com/?g2=AQBvfa%2BfTpxHGU5F8aaRb%2BsexomBp36JJapF1BaOcO4S46M1s6O%2BsC3IsAVfUh2%2B&fbclid=IwAR1HFjynd2jwGL7dSYQ6cYjIyIQ5sVyjIhji93_FvANMMogeXviU_HgZZzE&lang=en
# Join Telegram Community >>>https://t.me/doctormoononlinestore
အရက်၊ ဘီယာ၊ ယမကာတို့ကို ဆေးဖြစ်ဝါးဖြစ်လောက်အ အေးဒဏ်ခံနိုင်ရုံ သောက်တာကအ ရေးမကြီး။ မောင်ရယ် နှမရယ်မသိလောက်အောင် သောက်ရင်တော့ဖြင့် ကိုယ်ကျိုးနည်းပေလိမ့်မည်။
ထို့ပြင် သောက်ပြီးအငြိမ် မ နေသာသူများက ကား/ဆိုင်ကယ် တက်မောင်းရင်ဖြင့် ဘေးလူပါ ရင်တမမဒုက္ခ ရောက်မယ့် ကိန်းမျိုး ဖြစ်တော့သည်။ ထို့ကြောင့် နိုင်ငံတကာတွင် အန္တရာယ် ဖြစ်လောက်အောင် အရက်သောက်ထားသော ယာဉ်မောင်းသူများအား Alcohol level သတ်မှတ်၍ ဒဏ်ကြေးတပ်ခြင်း၊ ထောင်ချခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်နိုင်အောင် Digital Alcohol Tester များ ထုတ်ပေးထားကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုစနစ်ကို ကျင့်သုံးနေပါပြီ။ သို့သော် ယာဉ်ထိန်းရဲအနည်းငယ်မျှသာ လက်ဝယ်ကိုင်ထားနိုင်သောကြောင့် ထိရောက်မှု နည်း နေ သေး၏။
� ယခုအခါတွင် အလွယ်တကူ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်နေပြီဖြစ်သောကြောင့် ယာဉ်ထိန်းရဲများ သာမက ကုမ္ပဏီယာဉ်မောင်းများကို ကြီးကြပ်သူများ၊ အ ဝေးပြေး ယာဉ်လိုင်းမန်နေဂျာများ၊ စည်းကမ်းကြီးသော ဘော်ဒါ ဆောင်များ၊ Alcohol Free Zone များ၊ စာသင်ကျောင်းများစသည့် နယ်ပယ်အသီးသီး၌ပါ အသုံးပြုနေကြပါပြီ။
Alcohol Tester တို့ တွင်
1. BAC Blood Alcohol Content
သွေးအတွင်း အရက်ပါဝင်လည်ပတ်နေမှု
2. BrAC Breath Alcohol Content
လေထုထဲ အရက်ငွေ့ပါဝင်နေမှု တို့ကို စစ်ဆေးပေး သည်ဖြစ်ရာ
1. BAC စနစ်သည် တံတွေးထွေး၍ တံတွေးကို tester ဖြင့် ထောက်ပြီး စစ်ဆေးရသော ကြောင့် ပြန်လည်ဆေးကြောရခြင်း၊ အပိုပစ္စည်းများစွာ အသုံးပြုရ ခြင်း တို့ကြောင့် လူသုံးနည်းပြီး တ ဖြေးဖြေး ဈေးကွက်ကျဉ်းမြောင်းလာခဲ့ပါသည်။
2. BrAC စနစ်မှာ ခန္ဓာကိုယ်တွင်း လည်ပတ်နေသော လေကိုသာ အရက်ငွေ့ပါဝင်မှု ပမာဏ စစ်ဆေးခြင်း ဖြစ်သောကြောင့် အလွယ်တကူ လျှင်မြန်စွာ အသုံးပြု နိုင်ပါသည်။ ထပ်ပြန်တလဲလဲ မ ဆေးကြောပဲလည်း အသုံးပြုနိုင်ပါသည်။ အရက်သောက်ထားပြီး မိနစ်ပိုင်း အတွင်း စစ်ဆေးနိုင်ခြင်းကြောင့် Result အ ဖြေတိကျစွာ ရရှိစေပါသည်။ ယခု tester သည် BrAC စနစ်ဖြင့် ထုတ်လုပ်ထားသောကြောင့် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေပြီး googleတွင် Digital Alcohol Tester ဟု ရိုက်ရှာလျှင် ယခုစက်အမျိုးအစားသာ များများစားစား ပေါ်လာသည်ကို တွေ့ရပါလိမ့်မည်။
ဤကိရိယာတွင် AAA ဓာတ်ခဲ၂လုံး ထည့်သွင်း အသုံးပြုရပြီး အချိန်နာရီ၊ ပြင်ပအပူချိန်(စင်တီဂရိတ်၊ ဖာရင်ဟိုက်)၊ Timer Alarm တို့ကိုအ ပေါ် Display ဖြင့် အမြဲပြသပြီး အောက်မှ Display ဖြင့် BrAC Result ကို ပြသ ပေးသည်။
Power ခလုတ်ကို ၂စက္ကန့်ခန့် ဖိထားပါ။ Warm up 10မှ 01 အထိ ရေတွက်ပါလိမ့်မည်။ Warm up 01မှ Blow 10ပြန်ဖြစ်သွားလျှင် အပေါ်ဘက်အပေါက်လေးမှ ၁လက်မခွဲခန့်ခွာ၍ ၃စက္ကန့်ခန့် လေမှုတ်သွင်းပါ။ 10မှ 01အထိ တဖြည်းဖြည်း လျော့သွားပြီး Result ထွက်ပါလိမ့်မည်။ ၁မိနစ်အတွင်း အ ဖြေသိရပါလိမ့်မည်။
1 0.00 မှ 0.02% BAC အတွင်း အပြစ်မရှိ
2 0.021 မှ 0.05% BAC အတွင်း သတိပေး
3 0.05% BAC အထက် အန္တရာယ်ရှိ
အကယ်၍ ကွမ်းယာကို နှပ်ဆေး ၊92 ၊ စစ်ကနယ် တို့နှင့် ဝါးသူများ၊ ဆေးပြင်းလိပ်သောက်ထားသူများ၊ ခံတွင်းရနံ့ပျောက်ဆေးသုံးထားသူများ Result တွင် Caution (သတိပေးရမည့်အ နေအထား) ဟု ပြတတ်သဖြင့် ပလုပ်ကျင်းခိုင်းပြီးမှ စစ်ဆေးသင့်သည်။ ဘီယာနှင့် ဝိုင်သောက်ထားသူများကို ပမာဏအ လျောက် 0.03မှ 0.04 အတွင်း ပြပါသည်။ အရက်သောက်ထားပါက မာလကာရွက်ဝါး၊ ပီကေဝါးထားပြီး အနံ့မထွက်အောင် ရှောင်သော်လည်း result တွင် တိကျစွာသိရပါသည်။ လိမ်လို့မရပါ။
သတိပြုရန်.......................
တစ်ခါသုံးမဟုတ်၊ ကြိမ်ဖန်များစွာ သုံးနိုင်ပါသည်။
ဆေးကြောစရာမလို၊ ဓာတ်ဆီ ဒီဇယ်စသော ဓာတုအရည်များနှင့် မထိတွေ့ အ ငွေ့မဝင်မိပါစေနှင့်။
အမြင့်မှ လွတ်ကျခြင်း၊အ လေးချိန်များသည့်အရာနှင့် ဖိမိခြင်းတို့ကြောင့် ပျက်စီးနိုင်ပါသည်။
===========================================================
Doctor Moon Online Store (Since 2017)
099 76800069 (Viber), 097 68800069
(၀ယ်လို၊ သိလို မြန်ချင်ရင် Phone or Viber)
